စကတ်တွေက ဒီဇိုင်းပေါ်မူတည်ပြီးသော်လည်းကောင်း၊ အရှည်ပေါ်မူတည်ပြီးသော်လည်းကောင်း အမျိုးမျိုးရှိပါတယ်။ မြန်မာပြည်မှာ အတွေ့ရများတဲ့ အသုံးလေးတွေကို မျှဝေပေးချင်ပါတယ်။
(၁) Maxi skirt = ခြေမျက်စိထိရှည်တဲ့ စကတ်အရှည်ကြီးတွေကိုပြောတာပါ။
(၂) Midi skirt = ခြေသလုံးအလယ်လောက်ထိ အရှည်ရှိတဲ့ စကတ်မျိုးကိုပြောတာပါ။
(၃) Mini skirt = စကတ်တို ကို ပြောတာပါ။
(၄) Flared skirt = စကတ်အကား ခေါင်းလောင်း စကတ် မျိုးကို ပြောတာပါ။
(၅) Fishtail skirt = ရေသူမ စကတ် ကို ခေါ်တာပါ။
(၆) Pencil skirt = တဖြာင့်တည်း စကတ်အကျပ် ကိုပြောတာပါ။