Events

Events

" အင်္ဂလိပ်ကျပန်းစကားပြောပြိုင်ပွဲ အတွက် ပြိုင်ပွဲဝင်များအား ဖိတ်ခေါ်ခြင်း "

23/07/2026

" အင်္ဂလိပ်ကျပန်းစကားပြောပြိုင်ပွဲ ( ) အတွက် ပြိုင်ပွဲဝင်များအား ဖိတ်ခေါ်ခြင်း " သင့်ရဲ့ အင်္ဂလိပ်ဘာသာစကားပြောစွမ်းရည်ကို ပြသဖို အချိန်ရောက်ပါပြီ.. လူငယ်များအနေနဲ့ အင်္ဂလိပ်ဘာသာစကားကို အသုံးပြု၍ လူအများရှေ့တွင် ရဲရဲဝံ့ဝံ့ စကားပြောဆိုနိုင်အောင် လေ့ကျင့်ပျိုးထောင်ပေးရန် ရည်ရွယ်ပြီး အင်္ဂလိပ် ကျပန်းစကားပြောပြိုင်ပွဲ (Impromptu Talk Competition) ကို ကျင်းပသွားမည်ဖြစ်ပါသည်။

English for Young Learners Graduation Ceremony 🎓✨🎊

08/03/2026

IH Yangon-Mandalay ရဲ့ဂုဏ်ယူစရာကောင်းလှတဲ့ Young Learners Graduation Ceremony ပွဲကြီးကို မတ်လ ၈ ရက်နေ့က စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ပြီး ဆရာဆရာမများ၊ ဖိတ်ကြားထားသော ဧည့်သည်များ၊ မိဘအုပ်ထိန်းသူများနဲ့ graduate ကျောင်းသားကျောင်းသူများ အစုံအလင် တက်ရောက်ခဲ့ကြပါတယ်🥳

IH Yangon-Mandalay Young Learners သားသားမီးမီးများ၏ Zoo Visit

17/01/2026

IH Yangon-Mandalay မှ Young Learners သားသားမီးမီးများအတွက် ရန်ကုန်တိရစ္ဆာန်ဥယျာဥ်သို Zoo Visit စီစဥ်ပိုဆောင်ပေးခဲ့ရာ သားသားမီးမီးများက ချစ်စဖွယ်တိရစ္ဆာန်လေးများကိုကြည့်ရှုလေ့လာရင်းဖြင့် အင်္ဂလိပ်ဘာသာစကားကို လွတ်လပ်ပျော်ရွှင်စွာ အသုံးချလေ့ကျင့်ခွင့်ရရှိခဲ့ကြပါတယ်။

IH Yangon-Mandalay Singing Competition - 2025

21/12/2025

IH Yangon–Mandalay မှ ကျင်းပပြုလုပ်ခဲ့သော Singing Competition တွင် ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူများက အားကြိုးမာန်တက်ဖြင့် သီဆိုယှဉ်ပြိုင်ခဲ့ကြပါတယ်။ ပထမဆု (Winner) ကို “Close to You” သီချင်းဖြင့် Yu Mon Myint Oo ဒုတိယဆု (1st Runner-up) ကို “Rolling in the Deep” သီချင်းဖြင့် Ingyin May တတိယဆု (2nd Runner-up) ကို “I Think They Call This Love” သီချင်းဖြင့် Thatoe Nyan Aung တို့က ရရှိခဲ့ကြပါသည်။

IH Yangon-Mandalay Annual Team Building Trip 2025

24/11/2025

Team Building Trip နှင့် Training မှ ရရှိခဲ့သော အတွေ့အကြုံကောင်းများကို အသုံးချ၍ ပိုမိုကောင်းမွန်သောဝန်ဆောင်မှုများ သင်ကြားရေးလုပ်ငန်းများ နှင့် အသစ်အသစ်သောသင်ယူမှုအခွင့်အလမ်းများပေးစွမ်းနိုင်အောင် အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပါသည်။

First Aid Training-2025

31/10/2025

သင်ကြားရေးပတ်ဝန်းကျင်အတွင်း ကျောင်းသား၊ ကျောင်းသူများနှင့် ဝန်ထမ်းများအတွက် ပိုမိုလုံခြုံစိတ်ချရသော safety environment တစ်ခု ဖန်တီးပေးရန် ရည်ရွယ်ပြီး IH Yangon-Mandalay မှာ ဝန်ထမ်းများနှင့် ဆရာ၊ ဆရာမများအတွက် First Aid Training ကို ကျင်းပပြုလုပ်ခဲ့ပါတယ်။ အရေးပေါ်အခြေအနေများတွင် အထောက်အကူပြုနိုင်ရန် First Aid လုပ်ဆောင်နည်းများနှင့် ထိခိုက်ဒဏ်ရာများ၊ အရေးပေါ် အခြေအနေများကို ကိုင်တွယ်ရမည့်နည်းလမ်းများကို စာတွေ့နှင့် လက်တွေ့ သရုပ်ပြ တိုဖြင့် သင်ကြားပိုချခဲ့ပါတယ်။