Events

Events

IH Yangon-Mandalay Singing Competition - 2025

21/12/2025

IH Yangon–Mandalay မှ ကျင်းပပြုလုပ်ခဲ့သော Singing Competition တွင် ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူများက အားကြိုးမာန်တက်ဖြင့် သီဆိုယှဉ်ပြိုင်ခဲ့ကြပါတယ်။ ပထမဆု (Winner) ကို “Close to You” သီချင်းဖြင့် Yu Mon Myint Oo ဒုတိယဆု (1st Runner-up) ကို “Rolling in the Deep” သီချင်းဖြင့် Ingyin May တတိယဆု (2nd Runner-up) ကို “I Think They Call This Love” သီချင်းဖြင့် Thatoe Nyan Aung တို့က ရရှိခဲ့ကြပါသည်။

IH Yangon-Mandalay Annual Team Building Trip 2025

24/11/2025

Team Building Trip နှင့် Training မှ ရရှိခဲ့သော အတွေ့အကြုံကောင်းများကို အသုံးချ၍ ပိုမိုကောင်းမွန်သောဝန်ဆောင်မှုများ သင်ကြားရေးလုပ်ငန်းများ နှင့် အသစ်အသစ်သောသင်ယူမှုအခွင့်အလမ်းများပေးစွမ်းနိုင်အောင် အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပါသည်။

First Aid Training-2025

31/10/2025

သင်ကြားရေးပတ်ဝန်းကျင်အတွင်း ကျောင်းသား၊ ကျောင်းသူများနှင့် ဝန်ထမ်းများအတွက် ပိုမိုလုံခြုံစိတ်ချရသော safety environment တစ်ခု ဖန်တီးပေးရန် ရည်ရွယ်ပြီး IH Yangon-Mandalay မှာ ဝန်ထမ်းများနှင့် ဆရာ၊ ဆရာမများအတွက် First Aid Training ကို ကျင်းပပြုလုပ်ခဲ့ပါတယ်။ အရေးပေါ်အခြေအနေများတွင် အထောက်အကူပြုနိုင်ရန် First Aid လုပ်ဆောင်နည်းများနှင့် ထိခိုက်ဒဏ်ရာများ၊ အရေးပေါ် အခြေအနေများကို ကိုင်တွယ်ရမည့်နည်းလမ်းများကို စာတွေ့နှင့် လက်တွေ့ သရုပ်ပြ တိုဖြင့် သင်ကြားပိုချခဲ့ပါတယ်။

Halloween Party at IH Yangon–Mandalay!

26/10/2025

International House Yangon–Mandalay မှ Young Learners သားသားမီးမီးများက Halloween Party ကိုပျော်ရွှင်စွာ ဆင်နွှဲခဲ့ကြတဲ့ပုံရိပ်လေးတွေကို မျှဝေလိုက်ပါတယ်။ ‍♀️ Primary Level ကျောင်းသားများက Halloween Painting များရေးခြယ်ခြင်း၊ Halloween Dance ဖြင့် ပျော်ပျော်ရွှင်ရွှင် ကပြဖျော်ဖြေခဲ့ကြပြီး ‍♂️ Secondary Level ကျောင်းသားများကတော့ မိမိအကြိုက်ဆုံး Halloween Characters များဖြင့် Character Presentation နဲ့ Role Play များကို တင်ဆက်ပြသခဲ့ကြပါတယ်။ ဒါ့အပြင် ပျော်ရွှင်စရာ Halloween Themed Games များကိုလည်း အတူတကွ ဆော့ကစားကြပြီး IH Yangon–Mandalay ရဲ့ ပျော်ရွှင်လှတဲ့ atmosphere တစ်ခုကို ဖန်တီးခဲ့ကြပါတယ်။

Impromptu Talk Competition 2025

17/08/2025

IH Yangon-Mandalay ရဲ့ Impromptu Talk Competition 2025 ကို ဩဂုတ်လ (၁၇) ရက်နေ့က Jasmine Palace Hotel မှာ စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်ခဲ့ပြီး ကျောင်းသားကျောင်းသူများနဲ့ မိဘ ဆွေမျိုးများ စုံစုံလင်လင်တက်ရောက်ခဲ့ကြပါတယ်။ ဒီပွဲမှာ ပြိုင်ပွဲဝင် (၁၀) ဦးက စိတ်ဝင်စားစရာ topics တွေကို တက်တက်ကြွကြွနဲ့ပြောဆိုသွားတာ တကယ့်ကိုစိတ်ဝင်စားစရာကောင်းခဲ့ပါတယ်။

Storytelling and Awarding Ceremony

31/05/2025

International House Yangon-Mandalay ရဲ့ English for Young Learners Program မှ သားသားမီးမီးလေးများအတွက် Young Learners Summer Program အောင်မြင်စွာ ပြီးမြောက်ကြောင်း Certificate များပေးအပ်ပွဲ ဇွန်လ (၁) ရက်နေ့ တွင်ကျင်းပခဲ့ပါတယ်။ Summer Programme အတန်းများ အင်္ဂလိပ် ဘာသာစကား ကိုသာမက ဘက်စုံ ဖွံ့ဖြိုး တိုးတက်စေရန် အတွက် Spelling Bee ပြိုင်ပွဲ၊ Storytelling ပြိုင်ပွဲများကိုပါ ခမ်းနားစွာ ကျင်းပပေးပြီး သားသား၊ မီးမီးတို့ အတွေ့အကြုံအသစ်များ ရရှိစေဖို့ အတွက် ဆောင်ရွက်ခဲ့ပါတယ်။