English for Young Learners Graduation Ceremony 🎓✨🎊

Event Date: 08/03/2026

IH Yangon-Mandalay ရဲ့ဂုဏ်ယူစရာကောင်းလှတဲ့ Young Learners Graduation Ceremony ပွဲကြီးကို မတ်လ ၈ ရက်နေ့က စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ပြီး ဆရာဆရာမများ၊ ဖိတ်ကြားထားသော ဧည့်သည်များ၊ မိဘအုပ်ထိန်းသူများနဲ့ graduate ကျောင်းသားကျောင်းသူများ အစုံအလင် တက်ရောက်ခဲ့ကြပါတယ်🥳

ဒီပွဲကြီးမှာတော့ IH Yangon-Mandalay ရဲ့ Young Learners Regular Classes များကို အောင်မြင်စွာ တက်ရောက်ပြီးစီးခဲ့ကြတဲ့ သားသားမီးမီးများ၊ Cambridge Exams များတွင် High Achiever များရရှိခဲ့ကြသော သားသားမီးမီးများနှင့် Nyaung Pin Lay Private School မှ အတန်းပြီးဆုံးအောင်မြင်ခဲ့ကြသော သားသားမီးမီးများကို အတန်းပြီးဆုံးကြောင်း certificates များနှင့် ဆုများ ပေးအပ်ချီးမြှင့်ခဲ့ပါတယ်🏅📜

ဒါ့အပြင် သားသားမီးမီးများကိုယ်တိုင် အင်္ဂလိပ်ဘာသာစကားကို ယုံကြည်မှုရှိရှိ ဖော်ပြတင်ဆက်ခဲ့တဲ့ Performance Sessions 🎭 နှင့် Student Panel Sessions 💬 များလည်း မြိုင်မြိုင်ဆိုင်ဆိုင် ပါဝင်ခဲ့ပြီး ပွဲအခမ်းအနားကို ပိုမိုအမှတ်တရဖြစ်စေခဲ့ပါတယ်👏🎊

ယခုပွဲကြီးကို တက်ရောက်ချီးမြှင့်ခဲ့ကြတဲ့ ဧည့်သည်တော်များ၊ ဆရာ / ဆရာမကြီးများ အပါအဝင် British Council Myanmar မှ Exams Business Development Manager ကို စည်သူအောင်၊ အချိန်ပေးပြီး တက်ရောက်ကြတဲ့ မိဘအုပ်ထိန်းသူများနှင့် graduate သားသားမီးမီးများအားလုံးကို အထူးပင် ကျေးဇူးတင်ရှိပါတယ်။🙏

✨ “Graduation is not the end of learning, but the beginning of a new journey filled with confidence, growth, and endless possibilities.” 🎓🌟