အဆင့်မြင့် Parallel Sentence ရေးနည်း

ဒီပို့စ်ကိုမဖတ်ခင် Sunday က တင်ပေးခဲ့တဲ့ “ရိုးရိုး parallel sentence ရေးနည်း” ဆိုတဲ့ပို့စ်ကို အရင်ဖတ်ပါ။ အဆင့်မြင့် parallel sentence ရေးနည်းကို အပိုင်း (၂)ပိုင်း ခွဲပြပါမယ်။  (၁) Comparison နှိုင်းယှဉ်သုံးနည်း နဲ့ (၂) Idiomatic expressions များဖြင့်သုံးနည်း – ဆိုပြီး ရှိပါတယ်။

(၁) Comparison နှိုင်းယှဉ်သုံးနည်း

အကြောင်းအရာတစ်ခုနဲ့တစ်ခု နှိုင်းယှဉ်တော့မယ်ဆိုရင် ငယ်ငယ်က ကျောင်းမှာသင်ခဲ့ရဖူးတဲ့ more … than… တို့၊ rather than တို့၊ as …. as ….. တို့ စတာတွေကို အသုံးချပါမယ်။ အောက်က ဥပမာလေးတွေကိုကြည့်ပါ။

ဥပမာ – As for me, studying alone is more productive than studying with a group.

(ငါ့အတွက်ကတော့ တစ်ယောက်တည်းစာဖတ်တာက အဖွဲ့နဲ့စာဖတ်တာထက် ပိုပြီးအလုပ်တွင်တယ်)။
ဒီဥပမာမှာ studying alone (တစ်ယောက်တည်းစာဖတ်ခြင်း) နဲ့ studying with a group (အဖွဲ့နဲ့စာဖတ်ခြင်း) ဆိုတဲ့ အကြောင်းအရာနှစ်ခုကို နှိုင်းယှဉ်ပြီး parallel သုံးသွားတာပါ။ တစ်ခုဟာ တစ်ခုထက်ပိုပြီး သာလွန်ကြောင်း၊ ဒါမှမဟုတ် ဆုတ်ယုတ်ကြောင်းကို ယှဉ်တွဲပြီး မြင်သာအောင်သုံးတာပါ။ ဒီဝါကျမှာ more နဲ့ than ကြားမှာ productive (အလုပ်ဖြစ်တယ်၊ အလုပ်တွင်တယ်) ဆိုတဲ့ adjective ကို ထည့်သုံးထားပါတယ်။ အရှေ့က verb ကို studying ဆိုပြီး continuous tense (Verb -ing) ကိုသုံးထားရင် အနောက်က verb ကိုလည်း Verb -ing ပဲ သုံးရပါမယ်။

Verb -ing ကို မသုံးချင်ရင် ရိုးရိုး infinitive verb (Verb 1) နဲ့လည်း သုံးလို့ရပါသေးတယ်။

ဥပမာ – To read the newspaper is as important as to listen to radio. (သတင်းစာဖတ်တာဟာ ရေဒီယိုနားထောင်တာလိုပဲ အရေးပါတယ်၊ သို့မဟုတ် ရေဒီယိုနားထောင်တာအရေးပါသလို သတင်းစာဖတ်တာဟာလည်း အရေးပါတယ်)
ဒီဝါကျမှ to read the newspaper နဲ့ to listen to radio မတူညီတဲ့အကြောင်းအရာနှစ်ခုကို ဆက်စပ်ပြီး parallel လုပ်သွားတာပါ။ တစ်ခုအရေးပါသလို နောက်တစ်ခုဟာလည်း အလားတူအရေးပါတယ်ဆိုတာကို ပြောချင်တာပါ။ To read ဆိုတာကိုအရှေ့မှာသုံးရင် အနောက်က သူနဲ့လိုက်နှိုင်းယှဉ်မယ့် verb ကိုလည်း ဒီပုံစံအတိုင်းပဲ To listen လို့ သုံးရပါမယ်။ အရှေ့မှာ to read (Verb 1) သုံးထားပြီး အနောက်မှာ listening (Verb -ing) သုံးလို့မရပါဘူး။

Rather than အသုံးလေးနဲ့ ဥပမာဝါကျရေးကြည့်ရအောင်။

To save money, she chose to stay at a hostel rather than at a hotel.

(ငွေကိုချွေတာတဲ့အနေနဲ့ သူမဟာ ဟိုတယ်မှာမတည်းဘဲ အဆောင်မှာတည်းဖို့ရွေးချယ်လိုက်တယ်)
ဒီဥပမာမှာ parallel လုပ်တဲ့အကြောင်းအရာနှစ်ခုဟာ အဆောင်တစ်ခု (at a hostel) နဲ့ ဟိုတယ်တစ်ခု (at a hotel) ဖြစ်ပါတယ်။ ဒီစာကြောင်းမှာ stay ဆိုတဲ့ verb တစ်ခုကို ဖျောက်ထားပါတယ်။ အမှန်က သူ့ရဲ့ဝါကျအပြည့်အစုံက “She chose to stay at a hostel rather than stay at a hotel” ဆိုပြီး ဖြစ်ရမှာပါ။ ဒါပေမဲ့ အရှေ့မှာ stay က ပါပြီးနေတဲ့အတွက် အနောက်က stay ကို ဖြုတ်ခဲ့တာပါ။

(၂) Idiomatic expressions များဖြင့်သုံးနည်း

ဒါကဘာကိုပြောတာလဲဆိုတော့ both … and … တို့၊ either … or … တို့၊ neither … nor … တို့၊ not only … but/but also …. တို့ စတာတွေထည့်ပြီး သုံးတာကိုပြောတာပါ။

ဥပမာ ၁ – I majored in both physics and chemistry in college. (ကောလိပ်တုန်းက ငါ ရူပဗေဒရော၊ ဓာတုဗေဒပါ မေဂျာယူခဲ့တယ်)

ဒီဥပမာမှာ both နဲ့ and ကိုသုံးပြီး မတူညီတဲ့မေဂျာနှစ်ခုကို parallel လုပ်ထားပါတယ်။ နှစ်ခုစလုံးဆိုတဲ့ အဓိပ္ဗာယ်ပါ။

ဥပမာ ၂ – I could either help you or walk away.

(ငါ မင်းကိုကူညီခဲ့လို့ရသလို မကူညီဘဲ အသာလေးထွက်သွားခဲ့လို့လည်းရတယ်)

ဒီဥပမာမှာ help you နဲ့ walk away အကြောင်းအရာနှစ်ခုကို either or ခံပြီး parallel သုံးထားတာပါ။ တစ်ခုမဟုတ်ရင်တစ်ခု.. ဆိုတဲ့ အဓိပ္ဗာယ်ပါ။

ဥပမာ ၃ – Promotion was given neither to me nor to my coworker. (ငါရော ငါ့လုပ်ဖော်ကိုင်ဘက်ရော ရာထူးတိုးပေးခြင်း မခံခဲ့ရဘူး)

ဒီဥပမာမှာ ငါရော ငါ့လုပ်ဖော်ကိုင်ဘက်ရော တစ်ယောက်မှ… ဆိုတဲ့အသုံးကို neither nor ခံပြီး parallel သုံးထားတာပါ။ နှစ်ခုစလုံး တစ်ခုမှ မဖြစ်လိုက်ဘူးဆိုတဲ့ အငြင်းသဘောဆောင်ပါတယ်။ ဒီဝါကျမှာ to me နဲ့ to my coworker နှစ်ခုစလုံးရှေ့မှာ to တွေပါနေတာမို့ နောက်က to တစ်ခုကို ဖြုတ်ချင်ရင် ဖြုတ်လို့ရပါတယ်။

ဥပမာ ၄ – Not only it is important to raise awareness but also it is required to develop intervention plans. (အသိပညာတိုးပွားစေဖို့နှိုးဆော်တာဟာ အရေးကြီးသလိုပဲ ကြားဝင်တားဆီးပေးနိုင်မယ့် အစီအစဉ်တွေ ချမှတ်ပေးနိုင်ဖို့ဟာလည်း မရှိမဖြစ်လိုအပ်တယ်)

ဒီဥပမာမှာ အရှေ့ကဝါကျတစ်ကြောင်းလုံး (clause တစ်ခုလုံး) နဲ့ အနောက်ကဝါကျတစ်ကြောင်းလုံးကို not only… but also… နဲ့ parallel သုံးထားတာပါ။ ဒါတင်မက …… ဒါဟာလည်းပဲ….. ဆိုတဲ့ အဓိပ္ဗာယ်ဖြစ်ပါတယ်။

 

Craton Highways (brought to you by the SPACE Langage Academy)

 

Share on Social Media