ဒီတစ်ခါ မိန်းကလေး အများစု ကြိုက်ကြတဲ့ ဖိနပ်အခေါ်အဝေါ်လေးကို မျှဝေပေးချင်ပါတယ်။
English language မှာ ဖိနပ်တွေကို ခေါ်တဲ့ အခေါ်အဝေါ်က အင်မတန်များပါတယ်။ ဒီမှာတော့ မြန်မအပါအဝင် အာရှလူမျိုးတွေ အစီးများတဲ့ ဖိနပ်ပုံစံလေးတွေကိုပဲ အဓိက ပြောထားပါတယ်။
(၁) Flip-flops = ခြေညှပ်ဖိနပ်အပါး ကို flip-flops လို့ပဲ ခေါ်လို့ရပါတယ်။ မြန်မာကျောင်းသားအများစုက slippers နဲ့ မှားပြောလေ့ရှိပါတယ်။ ဒါပေမယ့် ဒီလိုဖိနပ်မျိုးကို slippers လို့ပြောလို့ မရပါဘူး။
(၂) Slippers = slippers ဆိုတာ အိမ်နေဝတ် ဖိနပ်အပါး အပျော့ကိုဆိုလိုတာပါ။ slippers လို့ပြောရင် အိမ်နေဖိနပ် အနေနဲ့ပဲ သုံးလို့ရပါတယ်။
(၃) Sandals = ကွင်းထိုး ကြိုးသိုင်းဖိနပ်များကို ဆိုလိုတာပါ။
(၄) Jelly shoes = ပုံမှာ ပြထားတဲ့အတိုင်း ပျော့အိအိ ဂျယ်လီသား အကြည်နဲ့ ချုပ်ထားတဲ့ ဖိနပ်မျိုးကို ပြောတာပါ။
(၅) Flats = ထိပ်ပိတ် ရှုးဖိနပ်အပါး ကို ပြောတာပါ။
(၆) Lace-ups = ချည်ရတဲ့ ကြိုးတွေပါတဲ့ ဖိနပ်မျိုးတွေကို lace-ups လို့ ခေါ်ပါတယ်။ ကြိုးကိုတော့ lace လို့ ခေါ်ပါတယ်။။