English စကားလုံးတွေကို မှတ်မိအောင် ဘယ်လိုလုပ်မလဲ

English ဘာသာစကားကို နေရာတကျ အသုံးပြုတတ်ဖို့ စကားလုံးတွေသိဖို့လိုပါတယ်။ စကားလုံးတွေကို သိအောင် ဆိုပြီး အလွတ်ထိုင်ကျက်ရုံနဲ့ သုံးတတ်ဖို့ ခက်ပါတယ်။ အလွန်ကျက်တုန်း ခဏတာပဲ ခေါင်းထဲဝင်သွားပြီး နေရာတကျ သုံးလေ့မရှိရင် အချိန်ကြာတာနဲ့အမျှ မေ့သွားတတ်ပါတယ်။ ဒါကြောင့် ဘယ်လို မှတ်မိအောင် လေ့လာမလဲဆိုတာကို မျှဝေပေးချင်ပါတယ်။

(၁) ပုံနဲ့ စကားလုံးနဲ့ တွဲမှတ်ပါ

စကားလုံးတစ်လုံးကို ဘာသာပြန်အဓိပ္ပါယ်နဲ့ အလွတ်ကျက်မယ့်အစား၊ ပုံနဲ့စာနဲ့ တွဲမှတ်သားတာက ပိုမြင်လွယ်၊ မှတ်မိလွယ်ပါတယ်။

(၂) နေ့စဉ် မြင်နိုင်တဲ့နေရာမှာ ပုံကားချပ်လေးတွေ ကပ်ထားပါ

ခုနက ပုံလေးတွေကို အမြဲတမ်းမြင်နိုင်မယ့် ကိုယ့်အခန်းမှာ ဖြစ်ဖြစ် ပုံနဲ့စာနဲ့ တွဲကပ်ထားသလိုမျိုး ကားချပ်လေးတွေ၊ စာကြောင်းတွေလေး ကပ်ထားမယ်ဆိုရင် မြင်မြင်နေရရင်း မှတ်မိလာစေမှာပါ။

(၃) ချရေးပါ

အချို့သူတွေက စကားလုံးတွေကို အသံထွက်ပဲ သိပြီး စာလုံးပေါင်း မသိတဲ့ ပြဿနာ ရှိတတ်ပါတယ်။ ဒါမျိုးဆိုရင် ချရေးပြီး မှတ်ဖို့ အကြံပေးချင်ပါတယ်။ ချရေးတဲ့အခါမှာ လည်း နည်းမှန်လမ်းမှန် ဖြစ်ဖို့ လိုအပ်ပါတယ်။ ဒီတိုင်း အခေါက်ရေများများချရေးတာထက် vocabulary improvement အတွက်ထုတ်ဝေထားတဲ့ စာအုပ်တွေအကူအညီနဲ့ လေ့ကျင့်သင့်ပါတယ်။ သက်ဆိုင်ရာ လေ့ကျင့်ခန်းတွေ ပါလို့ အသုံးလေးတွေနဲ့ ဆိုလိုရင်းကိုလည်း ပိုသိမှာပါ။ Self-study လေ့ကျင့်ချင်သူတွေအတွက် Cambridge ထုတ် “English Vocabulary in Use”၊ “English Collocations in Use” နဲ့ Chris Gough ရဲ့ “English Vocabulary Organizer” စာအုပ်တို့ကို recommend လုပ်ချင်ပါတယ်။

(၄) ပုံချဆွဲကြည့်ပါ။

ကိုယ်နဲ့ စိမ်းတယ်လို့ ခံစားရတဲ့ စကားလုံးလေးတွေဆို ပုံချဆွဲကြည့်ရင် ပိုမှတ်မိလွယ်ပါတယ်။ ဒီနည်းလမ်းက ပုံဆွဲ ဝါသနာပါသူတွေအတွက်ဆို ပိုအဆင်ပြေတာပေ့ါ။

(၅) mindmap အဆွဲကျင့်ပါ။

စကားလုံးတစ်လုံးကို စာရွက်အလယ်မှာ ချရေးပြီး သူ့ရဲ့ word family တွေ (Verb, Adj, Adv, Noun form) စတာတွေကို အတက်လေးတွေ ဆင့်ပွားပွားတဲ့နည်းနဲ့ ဆွဲပြီး မှတ်သားတဲ့ နည်းပါ။ အရမ်းအသုံးတည့်သလို ပိုလည်း မှတ်မိလွယ်ပါတယ်။

(၆) ပြန်အသုံးပြုပါ

အပေါ်မှာ ပြောခဲ့တဲ့ နည်းလမ်းတွေသုံးပြီး စကားလုံးတွေကို မှတ်မိအောင် ကြိုးစားပေမယ့် မှတ်မိထားတဲ့ စကားလုံးတွေကို လက်တွေ့ဘဝထဲ သယ်မလာရင်တော့ ပြန်မေ့ဖို့ အင်မတန်လွယ်ပါတယ်။ ဒီတော့ စကားလုံးတစ်လုံးကို မှတ်မိသွားပြီဆိုရင် ကိုယ်စကားပြောရာမှာသော်လည်းကောင်း၊ စာရေးရာမှာသော်လည်းကောင်း ပုံမှန်သုံးဖြစ်အောင် အားထုတ်ဖို့လိုပါတယ်။

(၇) online ကနေ လေ့လာပါ။

ကမ ္ဘာ့ရွာကြီးထဲမှာ ဖုန်းထဲ ကွန်ပျူတာထဲကနေ ဘာမဆို လေ့လာလို့ရနေတာကို မမေ့ပါနဲ။ online မှာ အထူးသဖြင့် youtube မှာ BBC 6 Minutes English, English with Ronnie, English with Jennifer, English with Emma စတာတွေကို subscribe လုပ်ပြီး authentic ဖြစ်တဲ့ စကားလုံးအသစ်တွေကို သင်ယူနိုင်ပါတယ်။Vocabulary တိုးတက်ချင်တယ်ဆိုရင် အကောင်းဆုံး အကြံပေးချင်တာတော့ အင်္ဂလိပ်စကားလုံးတွေကို ချစ်မြတ်နိုးပါ။ ချစ်မြတ်နိုးရင် အရာရာ သတိထားမိပြီး သူတို့အကြောင်း ပိုသိချင် ပိုရင်းနှီးချင်လာပါလိမ့်မယ်။

Waiyan_Htut
(Brought to you by the SPACE Language Academy)

Ref : How to Remember Vocabulary by English language 4 U- Learn English with Ronnie

Share on Social Media