Events

Events

IH Yangon-Mandalay Young Learners သားသားမီးမီးများ၏ Zoo Visit

17/01/2026

IH Yangon-Mandalay မှ Young Learners သားသားမီးမီးများအတွက် ရန်ကုန်တိရစ္ဆာန်ဥယျာဥ်သို Zoo Visit စီစဥ်ပိုဆောင်ပေးခဲ့ရာ သားသားမီးမီးများက ချစ်စဖွယ်တိရစ္ဆာန်လေးများကိုကြည့်ရှုလေ့လာရင်းဖြင့် အင်္ဂလိပ်ဘာသာစကားကို လွတ်လပ်ပျော်ရွှင်စွာ အသုံးချလေ့ကျင့်ခွင့်ရရှိခဲ့ကြပါတယ်။

IH Yangon-Mandalay Singing Competition - 2025

21/12/2025

IH Yangon–Mandalay မှ ကျင်းပပြုလုပ်ခဲ့သော Singing Competition တွင် ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူများက အားကြိုးမာန်တက်ဖြင့် သီဆိုယှဉ်ပြိုင်ခဲ့ကြပါတယ်။ ပထမဆု (Winner) ကို “Close to You” သီချင်းဖြင့် Yu Mon Myint Oo ဒုတိယဆု (1st Runner-up) ကို “Rolling in the Deep” သီချင်းဖြင့် Ingyin May တတိယဆု (2nd Runner-up) ကို “I Think They Call This Love” သီချင်းဖြင့် Thatoe Nyan Aung တို့က ရရှိခဲ့ကြပါသည်။

IH Yangon-Mandalay Annual Team Building Trip 2025

24/11/2025

Team Building Trip နှင့် Training မှ ရရှိခဲ့သော အတွေ့အကြုံကောင်းများကို အသုံးချ၍ ပိုမိုကောင်းမွန်သောဝန်ဆောင်မှုများ သင်ကြားရေးလုပ်ငန်းများ နှင့် အသစ်အသစ်သောသင်ယူမှုအခွင့်အလမ်းများပေးစွမ်းနိုင်အောင် အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပါသည်။

First Aid Training-2025

31/10/2025

သင်ကြားရေးပတ်ဝန်းကျင်အတွင်း ကျောင်းသား၊ ကျောင်းသူများနှင့် ဝန်ထမ်းများအတွက် ပိုမိုလုံခြုံစိတ်ချရသော safety environment တစ်ခု ဖန်တီးပေးရန် ရည်ရွယ်ပြီး IH Yangon-Mandalay မှာ ဝန်ထမ်းများနှင့် ဆရာ၊ ဆရာမများအတွက် First Aid Training ကို ကျင်းပပြုလုပ်ခဲ့ပါတယ်။ အရေးပေါ်အခြေအနေများတွင် အထောက်အကူပြုနိုင်ရန် First Aid လုပ်ဆောင်နည်းများနှင့် ထိခိုက်ဒဏ်ရာများ၊ အရေးပေါ် အခြေအနေများကို ကိုင်တွယ်ရမည့်နည်းလမ်းများကို စာတွေ့နှင့် လက်တွေ့ သရုပ်ပြ တိုဖြင့် သင်ကြားပိုချခဲ့ပါတယ်။

Halloween Party at IH Yangon–Mandalay!

26/10/2025

International House Yangon–Mandalay မှ Young Learners သားသားမီးမီးများက Halloween Party ကိုပျော်ရွှင်စွာ ဆင်နွှဲခဲ့ကြတဲ့ပုံရိပ်လေးတွေကို မျှဝေလိုက်ပါတယ်။ ‍♀️ Primary Level ကျောင်းသားများက Halloween Painting များရေးခြယ်ခြင်း၊ Halloween Dance ဖြင့် ပျော်ပျော်ရွှင်ရွှင် ကပြဖျော်ဖြေခဲ့ကြပြီး ‍♂️ Secondary Level ကျောင်းသားများကတော့ မိမိအကြိုက်ဆုံး Halloween Characters များဖြင့် Character Presentation နဲ့ Role Play များကို တင်ဆက်ပြသခဲ့ကြပါတယ်။ ဒါ့အပြင် ပျော်ရွှင်စရာ Halloween Themed Games များကိုလည်း အတူတကွ ဆော့ကစားကြပြီး IH Yangon–Mandalay ရဲ့ ပျော်ရွှင်လှတဲ့ atmosphere တစ်ခုကို ဖန်တီးခဲ့ကြပါတယ်။

IH Yangon-Mandalay Teacher Training Programme-Launch Event !

16/08/2025

အင်္ဂလိပ်သင်ကြားမှုအပေါ် စိတ်ဝင်စားပြီး အနာဂတ်မှာ English Teacher ဖြစ်ချင်သူတွေအတွက် IH Yangon–Mandalay က Teacher Training Programme ကို 16-Aug-2025 ရက်နေ့မှာ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါတယ်။ ဒီပွဲမှာဆိုရင် Teacher Training Programme ရှင်းလင်း မိတ်ဆက်ပေးခြင်း၊ Panel Discussion session တို့အပြင် ဆရာဆရာမတွေ အချင်းချင်းတွေ့ဆုံပြီး Networking ပြုလုပ်ခဲ့ကြပါတယ်။ ပွဲတက်ရောက်လာသော ဧည့်ပရိသတ်များမှ Quiz များကို ဖြေဆိုကာ လက်ဆောင်များကိုလည်း ပျော်ပျော်ပါးပါး ရယူခဲ့ကြပါတယ်။